Between September and December 2024, Chin Human Rights Organization (CHRO) received significant media coverage from local, national, and international news outlets, in both Burmese and English. This coverage has highlighted CHRO’s critical work in advocating for the rights of the Chin people and other marginalized communities in Burma/Myanmar. CHRO extends its heartfelt gratitude to our partners, individuals, and institutions whose unwavering support continues to empower us to remain the leading human rights organization championing the rights of those most vulnerable in the country.

    FRA Burmese 27 December 2024 မြေမြှုပ်မိုင်းအန္တရာယ်ကြား ဖြတ်သန်းနေရတဲ့ မြန်မာ ပြည်သူများ   မိုင်းကိုရှင်းလင်းဖို့အတွက်ကတော့ အသုံးပြုခဲ့သူတွေမှာ တာဝန်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ထောက်ပြပါတယ်။   “မြေမြှုပ်မိုင်းကို အသုံးပြုနေတဲ့ စစ်ကောင်စီမှာ တာဝန်ရှိတယ်။ ပြီးရင်တော့ ဘယ်နေရာတွေမှာ ချန်ခဲ့လဲ။ ဘယ်နေရာတွေမှာ မြှုပ်ထားလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးဖို့လိုတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထုကို ချပြဖို့လိုတယ်။ အဲဒီလိုချပြမှပဲ ကျွန်တော်တို့ရဲ့ လုံခြုံရေအတွက် ကောင်းမှာဖြစ်တယ်။ မြေမြှုပ်မိုင်း အသုံးပြုတဲ့ စစ်ကောင်စီပေါ့နော်။ သူတို့ရဲ့ မြေမြှုပ်မိုင်းထောင်ထားတဲ့ နေရာကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း တိတိကျကျနဲ့ ပြောပေးဖိုနဲ့ ချပြဖို့လိုတယ်”  
    VOA Burmese 16 December 2024ကန် လူ့အခွင့်အရေးဆုရှင် Salai Mang Hre Lian နဲ့ တွေ့ဆုံမေးမြန်းခန်း   မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစဉ်တစိုက်မှတ်တမ်းတင်ထားဖို့ လိုအပ်နေပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိအောင် မဖြစ်မနေကြိုးစားကြရမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Salai Mang Hre Lian က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကချီးမြှင့်တဲ့ ၂၀၂၄ လူ့အခွင့်အရေးကာကွယ်သူဆုကို ရရှိခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားသူ Salai Mang Hre Lian ကို ကိုစည်သူ တွေ့ဆုံမေးမြန်းထားပါတယ်။  
    Narinjara 12 December 2024 Myanmar’s Chin man Mang Hre Lian receives Human Rights Defender award   Mang Hre Lian has worked tirelessly to promote human rights, religious & media freedom, and youth political participation in Myanmar. Under his leadership, the CHRO  carried out various projects, including election monitoring, human rights documentation, and awareness campaigns.   Following the 1 February 2021 military coup, Mang Hre Lian, alongside the CHRO, played a crucial role in bringing global attention to the Myanmar military’s severe human rights violations, including the international crimes, said the US department of State in a statement released on Tuesday.  
    VOC 11 December 2024  အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Global Human Rights Defenders Award ကို CHRO အဖွဲ့က Salai Mang Hre Lian ရရှိ   ၂၀၂၄ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ Global Human Rights Defenders Award ကို Chin Human Rights Organization (CHRO)အဖွဲ့က Salai Mang Hre Lian က ရရှိခဲ့ကြောင်း CHRO က ဒီဇင်ဘာ ၁၀ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာပါတယ်။   ဒီဆုကို မြန်မာပြည်သူလူထုအတွက် လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့် နဲ့ တရားမျှတမှုတို့အတွက် မဆုတ်မနစ်တဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကာကွယ်ရာမှာ ရဲရဲရင့်ရင့် စွမ်းဆောင်ခဲ့တဲ့ လူတစ်ဦးချင်းကို ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားရတဲ့ ချင်းတိုင်းရင်းသားနဲ့ တခြားလူနည်းစုတိုင်းရင်းသားတွေကိုယ်စား Mang Hre Lian က တစ်ဘဝလုံး အစဉ်တစိုက်ရပ်တည်ခဲ့မှုအပေါ် ထောက်ခံအားပေးပြီး အသိအမှတ်ပြုတာဖြစ်ပါတယ်။  
      People Spring 11 December 2024  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပေးအပ်ချီးမြှင့်သည့် လူ့အခွင့်အရေးကာကွယ်သူဆု ချင်းတိုင်းရင်းသားတစ်ဦး ရရှိ   အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သည့် လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်(Salai Mang Hre Lian)ရရှိခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု(Human Rights Defender Award)ကို ၈ ဆုပေးအပ်ချီးမြှင့်ရာ ဆလိုင်းမာန်ဒရေလျန်လည်း ရရှိခဲ့ခြင်းဖြစ်သည်။ ယမန်နေ့(ဒီဇင်ဘာ ၁၀ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ဝန်ကြီးဘလင်ကန်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အခမ်းအနားတစ်ရပ်ကျင်းပကာ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
  Mizzima 12 December 2024  အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆု ချင်းလူ့အခွင့်အရေးလှုပ်ရှားသူရရှိ   မဇ္ဈိမ ။ ။ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် လူ့အခွင့်အရေးကာကွယ်သူဆု(Human Rights Defender Award)ကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)မှ စီမံကိန်းဒါရိုက်တာ စီမံကိန်းအရာရှိ ဆလိုင်း မန်ဟရဲလျန် ရရှိခဲ့ကြောင်း သိရသည်။   ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့တွင် ချီးမြှင့်ခဲ့သော ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို ရဲရင့်စွာမြှင့်တင်ကာကွယ်ခဲ့ကြသည့် လူပုဂ္ဂိုလ် ရှစ်ဦးကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
    RFA Burmese 12 December 2024  အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူ့အခွင့်အရေးကာကွယ်သူဆု ချင်းတိုင်းရင်းသားရရှိ   အမေရိကန်ပြည်ထောင်စုက ၂ဝ၂၄ ခုနှစ်အတွက်ပေးအပ်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆလိုင်းမန်ဟင်လျန် ရရှိခဲ့ပါတယ်။ ဒီနှစ်အတွက်ဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ်၊ စုစုပေါင်း ၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်တယ်။
    FRA Burmese 12 December 2024  လူ့အခွင့်အရေးကာကွယ်သူဆုရှင် ဆလိုင်းမာန်ဟရဲလျန်နဲ့ တွေ့ဆုံမေးမြန်းချက်   မြန်မာပြည်အရေးကို အလေးထားကြောင်း ပြသလိုတဲ့အတွက် အမေရိကန်အစိုးရဟာ ၂၀၂၄ ခုနှစ်အတွက်ပေးတဲ့ လူ့အခွင့်အရေးကာကွယ်သူဆုရှင်တွေထဲမှာ မြန်မာနိုင်ငံသားတစ်ဦးကို ထည့်သွင်းပေးခဲ့တာလို့ ဆုရခဲ့သူ ဆလိုင်းမာန်ဟရဲလျန် ကပြောပါတယ်။ အမေရိကန်အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကူညီပံ့ပိုးပေးမှုတွေက နောက်ဆုတ်သွားနိုင်ချေမရှိဘူးလို့ သူကပြောပါတယ်။ ဆုရခဲ့သူ၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆလိုင်းမာန်ဟရဲလျန်ကို မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။
  Miziima English 11 December 2024  CHRO’s Salai Mang Hre Lian is honoured with Department of State Global Human Rights Defenders Award   “I would like to thank the US State Department for this award, which, beyond a recognition of my work, is an acknowledgment of the deep suffering endured by the Chin people and all ethnic communities who are targeted by the junta’s unrelenting campaign of terror,” said Mang Hre Lian. “This honour is a call to action, not just for me but for the international community, to stand with the junta’s victims,” he continued.  
  Myanmar Now 11 December 2024  ဟားခါးမြို့ ချွန်ကျုံးရွာ ဗုံးကြဲခံရ၊ မိသားစုဝင် ၄ ဦး သေဆုံး   ၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။   ဒေသတွင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က ဒဏ်ရာရသူ အရေအတွက် ၁၀ ဦးထက်မနည်းရှိနိုင်ကြောင်းယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
    VOC 11 December 2024 ဆလိုင်း မာန်ဟရဲလျန် ဟာ လူ့အခွင့်အရေးကာကွယ်သူဖြစ်ပြီး နိုင်ငံတကာသိလာအောင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ချီးကျူး   ၂၀၂၄ ခုနှစ်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူမျိုး လူ့အခွင့်အရေးကာကွယ်သူ ဆလိုင်း မာန်ဟရဲလျန် အပါအဝင် ၈ ဦး ရရှိခဲ့ပြီး ဆလိုင်း မာန်ဟန်လျန်ဟာ ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးကာကွယ်သူအဖြစ်ရပ်တည်ပြီး နိုင်ငံတကာသိအောင် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်ထော်နီဘလင်ကန်က ချီးကျူးပြောဆိုပါတယ်။  
    Myanmar Now 11 December 2024  Air raid on village near Chin State capital kills four   Locals said funeral preparations were underway on Tuesday morning.   The advocacy group Chin Human Rights Organisation (CHRO) said in a public statement on Tuesday morning that at least 10 more people had been injured during the bombing.  
    Mizzima English 6 December 2024 Myanmar junta launches airstrikes amid clashes in Falam, Chin State   Salai Mang Hre Lian, a project officer for the Chin Human Rights Organization (CHRO), condemned the airstrikes as intentional attacks on civilians, labelling them violations of international human rights laws and war crimes.   “These attacks are not military in nature but are direct and deliberate actions against civilians. This is a blatant violation of international law,” he said.  
  Mizzima 5 December 2024  ဖလမ်းလေယာဥ်ကွင်းအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်   တိုက်ပွဲများအတွင်း စစ်ကောင်စီသည် အရပ်သား များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံကိန်းအရာရှိ ဆလိုင်း မန်ဟရဲလျန်ကပြောသည်။   “တိုက်ခိုက်မှုတွေက စစ်ရေးအရမဟုတ်ဘဲနဲ့ ပြည်သူတွေကို တိုက်ရိုက်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရပါတယ်။ဒါတွေကနိုင်ငံတကာလူ့အခွင့်အရေးတွေကိုချိုးဖောက်ပြီး စစ်ရာဇဝတ်မှုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။  
  Myanmar Now 27 November 2024  ဖလမ်းမြို့၊လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကိုစစ်ကောင်စီ ဗုံးကြဲ၊ ၆ ဦးသေဆုံး   ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲ (Lumte) ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၆) နေ့လယ်က လေကြောင်းမှ တိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် ဖလမ်းဒေသခံများထံမှ သိရသည်။   ဖလမ်းမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော  လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကို လေယာဉ်က ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ပရိုဂရမ် မန်နေဂျာ Ko Terah က ဒေသခံများကို ကိုးကားပြီး ပြောသည်။  
    RFA Burmese 27 November 2024  ချင်းက မြို့နယ် သုံးခုမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ခြောက်ဦး သေဆုံး   ချင်းပြည်နယ်မှာ မတူပီ ၊ တွန်းဇံ၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့ မြို့ ၁၁ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။   ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်း ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်နယ်လူဦးရေရဲ့ တစ်၀က်ခန့်က စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က RFA ကို ပြောထားပါတယ်။  
    People Spring 23 November 2024    ချင်းပြည်သို့ စစ်ကောင်စီလေကြောင်းပျံသန်းမှုများနေ၍ မကွေးဒေသခံများ သတိပေး   ” စစ်တပ်က သူရှုံးလေအကြမ်းဖက်လေပဲ။ ကျနော်တို့မှာက လက်ရှိမှာ ပြည်သူပြည်သူချင်းပဲ အားပေးကြရမယ်။ ကာကွယ်ကြရမယ်။ ကျနော်ကတော့ လေကြောင်းပျံသန်းမှုတွေကို အဆက်မပြတ်စောင့်ကြည့်နေပြီး မိတ်ဆွေတွေကိုသတိပေးတယ်” ဟု မကွေးမြို့ခံတစ်ဦးကပြောသည်။ မင်းတပ်မြို့သည် စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်ခံရသည့်မြို့နယ်ဖြစ်သည်။အရပ်သားပြည်သူများအားပစ်မှတ်ထား၍ တိုက်ခိုက်နေသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ကောင်စီတာဝန်ယူရမည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ထုတ်ပြန်ထားသည်။
  UCA News 12 November 2024 Myanmar’s Christians need more than prayers   For over 25 years, I have worked with the Chin Human Rights Organization to advocate for religious freedom in Myanmar. I have testified before the United Nations, the European Parliament, and other international bodies about the persecution of Christians and other religious minorities.  
    VOC 14 November 2024 ချင်းတောင်တန်းပေါ်က သုံးနှစ်တာ ရက်စက်မှုများ”   ထန်တလန်မြို့ကို စစ်တပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် ရောက်လာချိန်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)က အညှာအတာမရှိ တိုက်ခိုက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒေသခံလူဦးရေ တစ်သောင်းကျော်ကို အတင်းပြောင်းရွှေ့စေခဲ့ပြီး မြို့ကလေးကို လေကြောင်းနဲ့မြေပြင်က ဆက်တိုက်ထိုးစစ်ဆင်ခဲ့တာပါ။ ထန်တလန်မြို့ကို ပစ်မှတ်ထားပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်က နေထိုင်သူတွေ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တချိန်က အေးချမ်းသာယာတဲ့လူ့အသိုက်အဝန်းနေရာတစ်ခုဟာ ပြာမှုန်များ၊ အပျက်အစီးများကြားက တစ္တေမြို့ပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။   
    The Diplomat SALAI ZA UK 10 November 2024  Three Years of Atrocities in Myanmar’s Chin State   “The need for stronger international action against the country’s military junta has never been greater.”   Alerted by the Chin Human Rights Organization, the mass military deployment arrived just as Thantlang town was coming under relentless attack. A population of over 10,000 residents was forcibly displaced, and the town has been leveled by repeated air and ground assaults. Since these initial attacks, Thantlang has been targeted dozens of times, even though its entire population has been forced to flee. What was once a place of peaceful community life is now a ghost town, reduced to ash and rubble.  
    BNI News 7 November 2024  လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ကလေး ၃၀ နီးပါး အပါအဝင် လူ ၁၀၀ ကျော် သေဆုံး   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်တွင် ကလေး ၂၉ ဦးအပါအဝင် အရပ်သား ၁၀၈ ဦး သေဆုံးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ ခုနှစ် နောက်ပိုင်း ပိုများလာခဲ့ပြီး အထူးသဖြင့် အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လာသည်ဟု CHRO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က ပြောသည်။
    Network Media 6 November 2024  လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ကလေး ၃၀ နီးပါး အပါအဝင် လူ ၁၀၀ ကျော် သေဆုံး   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်တွင် ကလေး ၂၉ ဦးအပါအဝင် အရပ်သား ၁၀၈ ဦး သေဆုံးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ ခုနှစ် နောက်ပိုင်း ပိုများလာခဲ့ပြီး အထူးသဖြင့် အရပ်သား ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လာသည်ဟု CHRO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က ပြောသည်။      
  NMG (Video) 4 November 2024  ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အတွင်း အရပ်သား ၁၈၀ သေ၊ ၂၃၁ ယောက် ဒဏ်ရာရဟု CHRO ပြော   ချင်းပြည်မှာ အာဏာသိမ်းကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ယောက်သေဆုံးခဲ့ပြီး ၂၃၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။  
    VOC Interview 2 November 2024  Chin Human Rights Organization (CHRO) ၏ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းနှင့် VOC အထူး အင်တာဗျူးအစီအစဉ်။   ချင်းလူ့အခွင့်အရေးအဖွဲ့ ၏ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းကို VOC အထူးအစီအစဉ်အနေဖြင့် အင်တာဗျူး ကိုဝမ်းမြောက်ဂုဏ်ယူစွာဖြင့် တင်ဆက်ပေးလိုက်ပါတယ်။   ဆလိုင်း ဇအုပ်လိန်းဟာ CHRO ကို နှစ်ပေါင်းများစွာအောင်မြင်စွာ ဦးဆောင်၍၊ ချင်းလူမျိုးများနှင့် ဖိနှိပ်ခံ လူတန်းစားများအတွက် တရားမျှတမှုကို အဓိကထား၍ ဦးဆောင်လှုပ်ရှားတဲ့ ချင်းခေါင်းဆောင်ဖြစ်ပါတယ်။  
    RFA 1 November 2024  မင်းတပ်မြို့ကို တစ်လအတွင်း လေကြောင်းကနေ အကြိမ် ရှစ်ဆယ်နီးပါး တိုက်ခိုက်   ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်းကနေ ၅၁၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၁,၂၃၉) လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။  
    DVB Burma 1 November 2024 လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ချင်းပြည်သူ ၁၀၀ ကျော် သေဆုံး   ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အာဏာသိမ်းစကနေ အခုနှစ် စက်တင်ဘာလကုန်အထိ ပြည်သူ ၁၀၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၀ ကျော် ရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Right Organization (CHRO) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။  
      The Chin Jounal 31 October 2024  ၃နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ကလေး၂၉ယောက်အပါအ၀င် လူပေါင်း ၁၀၀ ကျော်သေဆုံး   အောက်တိုဘာ ၃၁၊ ချင်းဂျာနယ် ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်မှုကြောင့် ၃နှစ်အတွင်း အသက်မပြည်းသေးတဲ့ ကလေး ၂၉ယောက်အပါအ၀င် လူ ၁၀၈ဦး သေဆုံးခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့ (CHRO)က အောက်တိုဘာ ၃၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၃နှစ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၅၁၅ကြီမ်ပြုလုပ်ခဲ့ပြီး ထိုလေကြောင်းတိုက်ခိုက်မှုများတွင်း ဗုံးအလုံးရေ ၁၂၃၉ ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။  
  Tahan Post 31 October 2024  Military council-ten Thlawhnaa an beihnaah Chin mi 100 chuang nunna chan tawh zingah naupang 30 vel an tel   Chin State-ah Military council-ten thuneihna an lak hnu kum 4 dawnah Thlawhnaa an beih avangin Chin mi 100 chuang nunna an chan tawh a, mi 30 vel chu Chin naupangte an nih thu Chin Human Rights Organization (CHRO) list atanga hriat a ni. “Chin State-ah Thlawhnaa an bomb-na hmun kan en hian an tihna hmun tur a ni lo, mipuite tum ranin an bei niin kan hria” tiin CHRO thu puangtu Salai Mang Hre Lian chuan a sawi.  
    Narinjara 31 October 2024  စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ချင်းပြည်တွင် လေကြောင်းတိုက်ခိုက်ခံ၇၍ ကလေးငယ် ၂၉ ဦးအပါအဝင် ၁၀၈ ဦးသေဆုံး   စစ်အာဏာသိမ်းပြီးနောက်သုံးနှစ်ကျော်အတွင်း ချင်းပြည်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ ကလေးငယ် ၂၉ ဦးအပါအဝင် ၁၀၈ ဦး သေဆုံးသွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ထုတ်ပြန်လိုက်သည်။   စစ်အာဏာသိမ်းသည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ကောက်ခံထားသည့်စာရင်းဖြစ်သည်ဟု CHRO အဖွဲ့၏ အောက်တိုဘာလ ၂၉ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  
    VOC 30 November 2024  ထန်တလန်မြို့ မီးရှို့ခံရခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က “ဘဝအသစ် ပြန်လည်တည်ဆောက်ခြင်း”အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ထုတ်ဝေခဲ့ပါတယ်။ ချင်းလူ့အခွင့်ရေးအဖွဲ့ (Chin Human Rights Organization) မှ တင်ဆက်တဲ့ “Rebuilding Life” “ဘဝအသစ် ပြန်လည်တည်ဆောက်ခြင်း” မှတ်တမ်းရုပ်ရှင် ဟာထန်တလန်မြို့ ပျက်စီးပြီး နောက် ရပ်ရွာလူထုများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသော အခြေအနေများနှင့်ချင်းပြည်နယ် ရှိ ကျေးလက်ရွာများအပေါ် အကြမ်းဖက် စစ်ကောင်စီ (SAC) ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပွား နေသည့် အကျိုးဆိုးသက်ရောက်မှုများကို အသက်ရှင်ကျန်ရစ်သူများ၏ ရင်တွင်းခံစားချက်၊ စစ်ပြေးအတွေ့အကြုံပြောပြချက်များပါဝင်ပါတယ်။
    RFA 30 October 2024 ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့   “ဒီစစ်တပ်ဘက်ကပေါ့နော်၊ အခုနောက်ပိုင်း ရခိုင်ပြည်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ အရပ်သားတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပြုလုပ်လာတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာတော့ အကြမ်းဖက်လုပ်ရပ်တွေကို အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်နဲ့ ဆက်တိုက်လုပ်နေတယ်လို့ပဲ မြင်တယ်” ချင်းပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
    Khonumthung News 30 October 2024  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သား ၁၀၀ ကျော်သေဆုံး၊ ၃၀ နီးပါးမှာ ကလေးငယ်များဟု CHRO ထုတ်ပြန်   ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သားပြည်သူ ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရာမှာ ၃၀ နီးပါးမှာ ချင်းကလေးငယ်များဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းများအရ သိရသည်။   “ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ကြည့်တဲ့အခါမှာ စကစက စစ်ရေးပစ်မှတ်မဟုတ်ပဲနဲ့ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတာကိုပါ ကျနော်တို့က သက်သေတွေနဲ့တကွ ထုတ်ဖော်ချင်တာဖြစ်တယ်” ဟု CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။  
    VOA Burmese 30 October 2024  ချင်းပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု CHRO ထုတ်ပြန်   ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က VOA ကို အခုလို ပြောပါတယ်။   “ဒီဟာတွေက ကျနော်တို့ရဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ သဘောပေါက်တယ်၊ နားလည်တယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စနစ်တကျမှတ်တမ်းတင်လာခဲ့တယ်ပေါ့နော်၊ မှတ်တမ်းတင်လာခဲ့တယ်၊ ဒီနေ့ ဒီချိန်ထိက ချင်းပြည်နယ်မှာ စစ်ဆင်ရေးတွေက မရှိသလောက်ဖြစ်နေပြီး နယ်သိမ်းစစ်ဆင်ရေးပေါ့နော်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပိုပြီးတော့ များလာတယ်။ အဲ့ဒီများလာတဲ့အခါမှာလည်း ကျနော်တို့ ကြည့်တဲ့အခါမှာ အရပ်သားပစ်မှတ်က ပိုပြီးတော့ တိုးတိုးလာကို တွေ့ရတဲ့အတွက်ကြောင့် ဆိုတော့ ဒီဟာတွေကို ကျနော်တို့ အနေနဲ့ နိုင်ငံတကာတွေရော ပြီးတော့ မီဒီယာရော အသိပေးတဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ချင်းပြည်နယ်ရဲ့ အရပ်သားပစ်မှတ် အရပ်သားပိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကို ကျနော်တို့ မီးမောင်းထိုးပြခြင်းဖြစ်တယ်ပေါ့။”  
    VOC 30 October 2024  အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်မှာ ကလေး ၂၉ ဦးအပါဝင် အရပ်သား ၁၀၀ ကျော် သေဆုံး   စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် မှာ ကလေးငယ်အပါအဝင် အရပ်သား ၁၀၈ ဦးသေဆုံးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က မနေ့က ထုတ်ပြန်ပါတယ်။   စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃ နှစ်တာကာလအတွင်း မှာ အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ အနည် ဆုံး ၁၂၃၉ လုံး ကြဲချခဲ့တယ်လို့ CHRO ကဆိုပါတယ်။  
   အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး   ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၂၃၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။  
    Philstar Global (Cristina Chi) 10 October 2024  With ASEAN paralyzed, victims of Myanmar junta turn to the Philippines for justice   “We have literally half of the population displaced in a matter of four years,” said Salai Ling, who is also the deputy executive director of the Chin Human Rights Organization.   “We have not even begun to reel back from the devastating effects of the COVID-19 pandemic when the junta launched an all-out military assault on our land and unleashed unimaginable atrocities against our people,” Salai Ling told Philstar.com.  
      Harvard Journal (Lorenz Dantes) 30 September 2024  Crimes Against International Humanitarian Law in Myanmar: Will the Philippines Impose Universal Jurisdiction on behalf of Burmese Refugees?   On October 25, 2023, a first-of-its-kind legal effort began in the Philippines. The “Philippine Act on Crimes Against International Humanitarian Law, Genocide, and Other Crimes Against Humanity,” Republic Act (RA) No. 9851, was invoked as a means of prosecuting and achieving justice for atrocities that occurred outside of the Philippines. Burmese refugees who fled to the Philippines initiated criminal proceedings against members of the ruling junta regime in Myanmar for violations of International Humanitarian Law before the Philippine Department of Justice.  According to one Burmese refugee, “[w]e can’t find justice in our own country[,] and we are expecting that the Philippines is the place where we can find some form of justice from the atrocities we have suffered.” Philippine prosecutors must first determine the existence of “probable cause” before the case can proceed to court.  
    Chin World 30 September 2024  ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ၃မြို့မှာသာ စစ် ကောင်စီကောက်နိုင်မယ့်သန်းခေါင်စာရင်းနဲ့ သန်း ခေါင်စာရင်း ကောက်ရင်း ဘာ တွေမေးမှာလဲ   ၂၀၂၁ အာဏာသိမ်းပြီး နောက် ၃ နှစ် ကျော်ဝန်းကျင်မှာ၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။  
    Khonumthung News 20 September 2024  အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကလေးငယ် ၇၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု CHRO ထုတ်ပြန်   “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းကလေးတွေ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ တွေ့ရတာပေါ့နော်။ ဥပမာ မတူပီမှာဆိုရင် ပထမဆုံး ပြောလို့ရတယ်။ အသက် ၁၃ အရွယ် တစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ တွေ့ရတယ်။ နင်းမိုင်းကြောင့် သေဆုံးမှု ကလေး ရယ်၊ လက်နက်ကြီးကျည်တွေကို ကလေးတွေက ဆော့ကစားရင် သေဆုံးတာတွေလည်း တွေ့ရတယ်။ အများဆုံး သေဆုံးမှုက လေကြောင်း တိုက်ခိုက်မှုလို့ တွေ့ရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။   တချို့ကလေးငယ်များသည် ဘုရားကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်က ချင်းကလေးငယ်များမှာ ပညာသင်ယူနိုင်ရေး စာသင် ကျောင်းသွားရန်ပင် ကြောက်လန့်နေမှုကို တွေ့ရှိရကြောင်း CHRO တာဝန်ရှိသူက ပြောသည်။
    RFA Burmese 20 September 2024  သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းကလေး ခုနစ်ဆယ်ကျော်သေဆုံး   သူတို့ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးသွားတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောပါတယ်။   “အဓိက စစ်ကောင်စီ လက်နက်ကြီးကြောင့်၊ လေကြောင်းပစ်ခတ်မှုကြောင့် စစ်လက်နက် အကြွင်းအကျန် ပစ္စည်း မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတာတွေပြုစုထားတာ၊ မင်းတပ်မြို့ မှာ သေဆုံးတာများတယ်၊ ဒီထဲမှာလည်း ၂၀၂၄ နှစ်စပိုင်းက ပလက်ဝမှာ လေကြောင်းကြောင့် ကလေးငယ်သေဆုံးတာတွေလည်း ပါဝင်တယ်”   စစ်ကောင်စီတပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားဆွဲနိုင်ဖို့ CHRO အနေနဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
    Mizzima News 13 September 2024  Chin organizations accuse Myanmar Human Rights Commission of shielding military’s war crimes   “The military council wants to give the impression that the Myanmar Human Rights Commission includes members from different religious backgrounds,” said Salai Mang Hre Lian, project officer of the Chin Human Rights Organization (CHRO).   He added that the appointments are not about promoting human rights but rather about selecting individuals who are loyal to the regime.    
    Chin World 3 September 2024  ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုဖို့ဆက်ကြိုးပမ်းသွားမယ့် ချင်းတိုင်းရင်းသားများ   ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုစုံစမ်းစစ် ဆေးပေးရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တိုင်ကြားစာပေးပို့ပြီး တရားစွဲရန်လျှောက်ထားခဲ့ခြင်းကို တရားရုံးက ၂၀၂၄ ခုနှစ် မေလ မှာ ပယ်ချခဲ့ပါတယ်။   တရားလိုများ ဖြစ်ကြတဲ့ ချင်းလူ့အခွင့်အ ရေးအဖွဲ့(CHRO) အဖွဲ့အပါအဝင် ချင်းတိုင်းရင်းသား ငါးဦး တို့မှ ဒီနှစ် ၂၀၂၄ ခုနှစ်ထဲ ဖိလစ်ပိုင်နိုင်ငံ ဗဟိုတရားရုံးအထိ အယူခံဝင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး CHRO ရဲ့ Deputy Executive Director Salai Za Uk Ling ကို Chin World Media ကနေဆက်သွယ် မေးမြန်းထားပါတယ်။