CHRO

Statement by Chin Human Rights Organization on the Myanmar Tatmadaw’s Coup d’etat in Burma/Myanmar (English/Burmese)

3 FEBRUARY 2021
IMMEDIATE RELEASE

 Statement by Chin Human Rights Organization on the Myanmar Tatmadaw’s Coup d’etat in Burma/Myanmar

The Chin Human Rights Organization (CHRO) unequivocally condemns the actions of the Tatmadaw which staged a coup d’etat on the 1 February 2021. This action sets the country on a dangerous course of backsliding from the path towards democratization.

This especially imperils the prospect of national reconciliation and peace in the country. The actions of the Tatmadaw are a reckless endangerment to the lives of millions of Burma/Myanmar citizens at a time when all public resources and attention must be focused on the fight against the COVID-19 pandemic.

CHRO calls on the military authorities to immediately release all those detained in the coup, including members of the civilian leadership, journalists, writers and civil society activists. We urge the authorities to refrain from further politically motivated arrests and detention.

We appeal to the international community, the United Nations and all countries with the influence, to exert all diplomatic and economic pressures on the Tatmadaw to reverse its actions and to put Burma/Myanmar back on the path of democratic transition.

CHRO stands firmly with the widespread condemnation of the actions of the military and aligns in solidarity with all Burma/Myanmar citizens in fighting against all injustice toward building a peaceful, just and equitable democratic future.

###

Burmese (Unicode) 

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့
မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူခဲ့သည့်အပေါ် ချင်းလူ့အခွင့်အရေး အဖွဲ့၏ သဘောထားထုတ်ပြန်ချက်

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူခဲ့သည့် လုပ်ရပ်ကို ချင်းလူ့အခွင့်အရေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။ ယင်းသို့ အာဏာ သိမ်းယူ ခြင်းသည် တိုင်းပြည်ကို ဒီမိုကရေစီ စနစ်တည်ဆောက်ရေး လမ်းကြောင်း မှ သွေဖည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားကို ရောက်ရှိစေပါသည်။

အထူးသဖြင့် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အလားအလာများကို ပျက်စီး စေပြီဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါ နှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် နှစ်မြှုပ်လုပ်ကိုင်နေကြရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် သန်းပေါင်းများစွာသော ပြည်သူလူထု၏ ဘဝများကို အန္တရာယ် အတွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်းပင်ဖြစ်သည်။

မြန်မာ့တပ်မတော် အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများ နှင့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့ အခွင့်အရေး အဖွဲ့ အနေဖြင့် တောင်းဆိုသည်။ ထို့ ပြင် နိုင်ငံရေးနှင့်ဆက်နွယ်၍ ဆက်လက် ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းသည်။

တပ်မတော်သည် ၎င်း၏ လုပ်ရပ်များအား ပြန်လည်ရုပ်သိမ်းပြီး့ မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံများအားလုံးက တပ်မတော်အပေါ် သံတမန်ရေး နှင့် စီးပွားရေး ဖိအားများ တတ်စွမ်းသမျှပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှု လုပ်ရပ်အား အများကရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို တိုက်ဖျက်ကာ တရားမျှတ ငြိမ်းချမ်းပြီး တန်းတူညီမျှရှိသည့် ဒီမိုကရေစီ အနာဂတ်တည်ဆောက်ရေးဆီသို့ မြန်မာပြည်သူပြည်သားများ နှင့်အတူ ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

###

PDF Download available here: English (or) Burmese

Share it on

To protect and promote human rights and democratic principles